သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နယ် စခန်းသာရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်(၂၀) ခန့် ပျက်စီး

ကျောက်မဲမြို့နယ် စခန်းသာရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်(၂၀) ခန့် ပျက်စီး

Hsan Loi Editor
10/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် စခန်းသာကျေးရွာတွင် ယမန်နေ့ (၉.၅.၂၀၂၄) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ မိုးနှင့်လေအတူ မိုးသီးများပါ ကျခဲ့ပြီး သစ်ပင်ကြီးအချို့ လဲကျခဲ့သည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် စခန်းသာကျေးရွာရှိ လူနေအိမ်(၂၀)ကျော် အမိုးလှန်ခြင်း၊ ဘုန်းကြီးကျောင်း အုတ်တံတားပြိုခြင်း၊ စာသင်ကျောင်း အမိုးလှန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဒါ့အပြင် ကျေးရွာအနီးရှိ ရွှေလီလျှပ်စစ်ဓာတ်တိုင်(၂)တိုင် ကျိုးကျမှုကြောင့် ကျောက်မဲမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများ၌ မီးပြတ်တောက်လျက်ရှိသည်။