သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် TNLA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ (၇)ရက်နေ့ကစတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားရာ ယနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးနေသည့်ဓာတ်ပုံများကို TNLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ယနေ့တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သား အလောင်း (၄၇) လောင်းရှိသည်ဆိုကာ စစ်သုံ့ပန်းအဖြစ်လည်း (၂၄) ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း သိရသည်။
စစ်ကောင်စီဘက်ကလည်း TNLA တပ်စခန်းရှိရာနေရာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ပြီး ရဟတ်ယာဉ်များဖြင့် စစ်အင်အားချထားကာ စီးနင်းတိုက်ခိုက်တာတွေပြုလုပ်နေကြောင်း သတင်းရရှိသည်။
၂ ဖက်တပ်များ၏ တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်များ ပျက်စီးမှုများရှိသလို ပြည်သူလူထုများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။



#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/