နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA နှင့် စစ်ကောင်စီတပ်တို့ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေသည့် ဓာတ်ပုံများထွက်ပေါ်လာ

TNLA နှင့် စစ်ကောင်စီတပ်တို့ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေသည့် ဓာတ်ပုံများထွက်ပေါ်လာ

Hsan Loi Editor
14/12/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် TNLA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ (၇)ရက်နေ့ကစတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားရာ ယနေ့ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးနေသည့်ဓာတ်ပုံများကို TNLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ယနေ့တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်သား အလောင်း (၄၇) လောင်းရှိသည်ဆိုကာ စစ်သုံ့ပန်းအဖြစ်လည်း (၂၄) ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း သိရသည်။

 

စစ်ကောင်စီဘက်ကလည်း TNLA တပ်စခန်းရှိရာနေရာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ပြီး ရဟတ်ယာဉ်များဖြင့် စစ်အင်အားချထားကာ စီးနင်းတိုက်ခိုက်တာတွေပြုလုပ်နေကြောင်း သတင်းရရှိသည်။

 

၂ ဖက်တပ်များ၏ တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်များ ပျက်စီးမှုများရှိသလို ပြည်သူလူထုများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/