နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရန် ကြေညာခြင်းမဟုတ်ဟု SSPP ပြန်လည်ရှင်းလင်း

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရန် ကြေညာခြင်းမဟုတ်ဟု SSPP ပြန်လည်ရှင်းလင်း

Hsan Loi Editor
06/05/2024
Share:

 

၂၀၂၄ ခုနှစ်မေလ (၃)ရက်နေ့က SSPP info ဖေ့ဘုတ်စာမျက်နှာမှတဆင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမရတော့သည့်အတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း SSPP/SSA ဒုဥက္ကဌ က ပြောဆိုခဲ့သည်။

သို့သော်လည်း အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ ယမန်နေ့ ဧပြီလ(၅)ရက်နေ့က SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုက SSPP/SSA အနေဖြင့် လက်ရှိနိုင်ငံရေးအနေအထားအရ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားမည့် အဆင့်မျိုးဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

ဗိုလ်မှူးကြီးစိုင်းဆုက “တော်လှန်မှာတို့၊ တိုက်ပွဲဝင်မှာတို့က ကျနော်တို့ နိုင်ငံရေးခေါင်းဆောင်တွေက ဆုံးဖြတ်ထားတာမရှိဘူး။ ပြောဆိုခဲ့တဲ့မိန့်ခွန်းမှာက သျှမ်းပြည်တပ်မတော်ရဲ့ သမိုင်းကြောင်းနဲ့ နှစ် ၆၀ ပြည့်ကို ရှင်းလင်းဆွေးနွေးသွားတာ။ စစ်ရေးစစ်ရာတွေပြင်ပြီးတော့ တိုက်မယ်ခိုက်မယ်ဆိုတဲ့ အဆင့်မျိုး မရှိသေးဘူး။” ဟု ဒေသသတင်းမီဒီယာတစ်ခုအား ပြန်လည်ဖြေကြားထားသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ဆင်ရေး ၁၀၂၇ နှောင်ပိုင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား နယ်မြေပြဿနာများ ပေါ်ပေါက်လျက်ရှိပြီး ကွတ်ခိုင်၊ မူဆယ်၊ သိန္နီမြို့နယ်အတွင်း ထိတွေ့မှုများပါ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဒေသများအတွင်း MNDAA၊ TNLA၊ KIA နှင့် SSPP စသည့် အဖွဲ့အစည်းများ ရောက်ရှိသော ဒေသဖြစ်သည်။