သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်-ပုံဝိုး ကျောက်ခင်းလမ်းမ ကုန်းညောင်ရွာနှင့် နမ့်မော်ဖီလူးရွာကြား၌ ဒီဇင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ပြောင်းဆံအိတ်များ တင်ဆောင်ထားသော ထော်လာဂျီတစ်စီး မတော်တဆ ရှေ့ဘယ်ဘက်ဘီး ကျွတ်ထွက်ပြီး လမ်းဘေးထိုးကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် ထော်လာဂျီတိမ်းမှောက်ခြင်းမရှိသော်လည်း ယာဉ်ပေါ်ပါသူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်က လူနာတင်ယာဉ်များဖြင့် ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/