နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့ ONE NINE ဓာတ်ဆီဆိုင်တွင် စခန်းချထားသော KIA အဖွဲ့အား TNLA က စာထုတ်ပြီးဖယ်ရှားခိုင်း

မူဆယ်မြို့ ONE NINE ဓာတ်ဆီဆိုင်တွင် စခန်းချထားသော KIA အဖွဲ့အား TNLA က စာထုတ်ပြီးဖယ်ရှားခိုင်း

Hsan Loi Editor
27/04/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းနောင်ရပ်ကွက်ရှိ ဦးကျောက်တဲ့ယုန် ပိုင်ဆိုင်သော ONE NINE ဓာတ်ဆီဆိုင်အတွင်း အခြေချထားသည့် KIA အဖွဲ့များအား အဆိုပါနေရာကနေဖယ်ရှားပြီး မူလပိုင်ရှင်အား ပြန်ပေးရန် TNLA က စာထုတ်ခဲ့သည်။

ONE NINE စက်သုံးဆီဆိုင်သည် စစ်ကောင်စီတပ်အာဏာမသိမ်းမီကတည်းက ဓာတ်ဆီဆိုင်မြေအောက်ခန်းတွင် မူးယစ်ဆေးဝါးချက်လုပ်သည်ကို တွေ့ရှိခဲ့သောကြောင့် NLD အစိုးရလက်ထက်ကတည်းက နိုင်ငံပိုင်အဖြစ် သိမ်းထားသော နေရာဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ ဦးကျောက်တဲ့ယုန်လည်း ထိုဖြစ်စဉ်ဖြစ်ကတည်းက တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။

မြောက်ပိုင်းမဟာမိတ်၏ စစ်ဆင်ရေး ၁၀၂၇ ပြီးနောက် ပိုင်ရှင်ဖြစ်သူ ဦးကျောက်တဲ့ယုန်ပြန်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါနေရာကို KIA အဖွဲ့က စခန်းချနေထိုင်လျက်ရှိသည်။

ယခုအခါ အဆိုပါနေရာတွင် စခန်းချနေထိုင်လျက်ရှိသော KIA အဖွဲ့မှ ဖယ်ရှားပေးပြီး မူလပိုင်ရှင်အား ပြန်လည်ပေးအပ်ရန် TNLA က စာထုတ်လာခြင်းဖြစ်သည်။ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ KIA ဆက်ဆံရေးရုံးများအပြင် KIA အဖွဲ့ဝင်များအား ဖယ်ရှားရန် TNLA ၏ ဖိအားပေးလာမှုကြောင့် (၂)ဖက်တပ်များ တင်းမာလျက်ရှိသည်။