နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးရွာသွန်းမှုကြောင့် လားရှိုး-သီပေါ လမ်းပိုင်း သွားလာရန် အခက်အခဲဖြစ်ပေါ်

မိုးရွာသွန်းမှုကြောင့် လားရှိုး-သီပေါ လမ်းပိုင်း သွားလာရန် အခက်အခဲဖြစ်ပေါ်

Hsan Loi Editor
25/04/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ ဧပြီလ(၂၄)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးရွာသွန်းမှုကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သီပေါ လမ်းပေါ်တွင် တည်ဆောက်ထားသော စဉ့်အင်ယာယီတံတားဖြတ်သန်းရန် အခက်အခဲဖြစ်ပေါ်ကာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည်။

 

“မနေ့က ညနေပိုင်းနဲ့ ညပိုင်းမှာ မိုးအရမ်းရွာတယ်လေ။ ညနေပိုင်းတုန်းကဆိုရင် မိုးသီးတွေတောင်ပါတယ်။ မိုးရွာတော့ စဉ့်အင်ယာယီတံတားသွားတဲ့လမ်းက မြေလမ်းဖြစ်တဲ့အတွက် ပွတ်တွေထကုန်တယ်။ ကားလမ်းမကြီးကနေ ယာယီတံတားအထိဆိုရင် (၂၅)မိနစ်လောက်ဝင်ရတယ်။ ဒီလမ်းက မြေနီလမ်းဖြစ်တဲ့အတွက် မိုးတွင်းဆိုရင်တော့ တံတားဖြတ်ဖို့ တော်တော်အခက်အခဲဖြစ်လိမ့်မယ်။” ဟု နောင်ချို-လားရှိုး ခရီးသည်တင်ယာဉ်လိုင်း(တော်ဝန်ချို)မှ ကားဆရာတစ်ဦးက ပြောပြသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တံတားများစွာ ဖျက်ဆီးခြင်းခံထားရပြီး ယနေ့အထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးပါ။ အချို့နေရာများတွင် ယာယီတံတားများဖြင့် တိုင်းရင်းသားလက်နက်ကိုင်များက တည်ဆောက်ထားသော်လည်း ယာဉ်ဖြတ်သန်းခကို အဆက်မတန်ကောက်ခံလျက်ရှိသည်။ အဆိုပါယာယီတံတားများကို ဖြတ်သန်းရန်အတွက်လည်း မြေနီလမ်းအတိုင်းသွားရသည့်အတွက် မိုးရွာသီတွင် ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ရန် အခက်အခဲဖြစ်ပေါ်မည်ဖြစ်သည်။