နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ ရဲကင်းစခန်းအား ရွာငံ PDF က အလစ်ဝင်တိုက်၊ စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး (၁)ဦးဖမ်းမိခဲ့ဟုဆို

ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ ရဲကင်းစခန်းအား ရွာငံ PDF က အလစ်ဝင်တိုက်၊ စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး (၁)ဦးဖမ်းမိခဲ့ဟုဆို

Hsan Loi Editor
21/04/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ မန္တလေး-ရွာငံကားလမ်းမပေါ်က ရဲကင်းစခန်းအား ရွာငံ PDF ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ မှ ယနေ့ ဧပြီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

မြင်းကျဒိုးရဲစခန်းတွင် စစ်ကောင်စီနှင့်ရဲတပ်သား (၃၀)ဦးခန့်ရှိပြီး အပြန်အလှန်ပစ်ခတ်မှု (၅၀)မိနစ်ခန့်ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးပြီး ဒုတပ်ကြပ် (၁)ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း JPRF (ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့)က ဆိုသည်။

 

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားသည် မြင်းကျဒိုးရဲစခန်းမှ ဒုတပ်ကြပ် ကိုကိုဦးဖြစ်ပြီး ၎င်းနှင့်အတူ AK 47 တစ်လက်နှင့် ရိုင်ဖက်တစ်လက်အပြင် ကျည်ဆံ အတောင့်(၃၀၀)အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။