သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ နယ်တွင် ဧပြီ ၁၈ ရက် ၊ ညနေ ၄ နာရီခန့်က ခြံလုပ်နေသည့် အသက် (၃၉)နှစ်အရွယ်အမျိုးသား တစ်ဦးမိုးကြိုးပစ်ခြင်းကြောင့်မိုးကြိုး စက်ကွင်းထိမှန် သေဆုံးခဲ့ကြောင်း သိရသည် ။
အဆိုပါအမျိုးသည် လင်းခေးမြို့ ဒါးဆိပ်ကျေးရွာ၊
နမ့်တိန်းချောင်းတစ်ဖက်ကမ်းတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး နေ့စားလုပ်အားခဖြင့် သရက်ခြံတစ်ခြံတွင် သရက်သီးခူးသည့်အလုပ်လုပ်ကိုင်နေရင်း မိုးကြိုးထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း လင်းခေးဒေသခံများထံမှ သိရှိရပါသည် ။
