နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် KIA+PDF တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော်ရှိနေပြီး နေရာထိုင်ခင်းနှင့် စားသောက်စရာများ အရေးပေါ်လိုအပ်

စစ်ကောင်စီတပ်နှင့် KIA+PDF တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော်ရှိနေပြီး နေရာထိုင်ခင်းနှင့် စားသောက်စရာများ အရေးပေါ်လိုအပ်

Hsan Loi Editor
18/04/2024
Share:

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA+PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ (၁၀၀၀) ကျော်တိမ်းရှောင်ထွက်ပြေးနေရသည်ဟုဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင်မိဘပြည်သူများ ယာယီခိုလှုံနိုင်ရန် Tai Youth Yangon (TYY) နှင့် ပြည်တွင်းပြည်ပ စေတနာရှင်များ ပူးပေါင်းပြီး ဝိုင်းမော်မြို့နယ်၌ ယာယီစစ်ဘေးရှောင်စခန်း တည်ဆောက်နေသည်။

အဆိုပါစစ်ဘေးရှောင်စခန်းဆောက်လုပ်ပြီးစီးပါက စစ်ဘေးရှောင်မိသားစု(၃၀၀) ၊ လူဦးရေ (၁၈၀၀) ဦးခန့် ယာယီခိုလှုံနိုင်မည်ဖြစ်သည်။

“ တိုက်ပွဲကရှိနေတုန်းပဲမို့ အခုထိတော့ ပြန်လို့မရသေးတဲ့ စစ်ဘေးရှောင် (၁၀၀၀) ကျော်ရှိတယ်။ တချို့က အမျိုးအိမ်မှာနေတယ် တစ်ချို့က ဘုန်းကြီးမှာ နေကြတယ်။ ကျနော်တို့ ဆောက်လုပ်နေတဲ့ ယာယီစစ်ရှောင်စခန်းပြီးရင်တော့ လူဦးရေ (၁၈၀၀) လောက်ကို လက်ခံထားနိုင်တယ်။ ရေရရှိရေးနဲ့ အိမ်သာဆောက်ဖို့ လိုနေသေးတယ်။ လောလောဆယ် ဝိုင်းမော်ကစစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတာက နေ့စဉ်စားသောက်ကုန်နဲ့ နေစရာနေရာပဲ။ ရေက ရေတွင်းတော့ ရှိထားတယ်။သက်ကြိးရွယ်အိုတွေကတော့ ရေမသယ်နိူင်ဘူးလေ ပိုက်တွေ ဘာညာ ရေချိုးဖို့ ဆက်လုပ်ရအုံးမယ်။ လျှပ်စစ်မီး မရှိသေးဘူး။” TYY အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပြသည်။

အဆိုပါ ယာယီစစ်ဘေးရှောင်စခန်းအား ဧပြီလ ပထမပတ်က စတင်တည်ဆောက်ခဲ့ပြီး တစ်ဝက်ခန့်ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။