နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်​၏ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ဖယ်ခုံမြို့နယ် လွယ်ယင်းရွာက ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံး

စစ်ကောင်စီတပ်​၏ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ဖယ်ခုံမြို့နယ် လွယ်ယင်းရွာက ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံး

Hsan Loi Editor
12/04/2024
Share:

 

ယမန်နေ့ ဧပြီလ (၁၁) ရက်နေ့ ည (၁၀:၁၅) နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ယင်းရွာ နှင့် ပီကင်းရွာအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ယင်းရွာမှ အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

“ သေတဲ့သူတွေကတော့ လွယ်ယင်းရွာကလူတွေဖြစ်တယ်။ ညပိုင်းလာကြဲတာဖြစ်တဲ့အတွက် ထွက်ပြေးချိန်မရလိုက်ဘဲအသက်ဆုံးရှုံးသွားကြရတယ်ဆိုတော့ စိတ်မကောင်းဘူး။ ပီကင်းရွာက လူတွေလည်း ထိခိုက်ဒဏ်ရာရထားတဲ့သူတွေရှိတယ် လောလောဆယ်တော့ ထိခိုက်ထားတဲ့သူတွေကို ဆေးကုပေးနေတယ်။ အိမ်တွေလည်းတော်တော်များများ ပျက်စီးသွားတယ်။” ဟု Pekhon Rescue က အဖွဲ့ဝင်တစ်ဦးကပြောပြသည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဖယ်ခုံမြို့နယ် လွယ်ယင်းရွာနှင့်ပီကင်းရွာက နေအိမ် (၆) ထက်မနည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။