နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း၌ နိုင်ငံရေးတည်ငြိမ်ခြင်းမရှိသော်လည်း အင်းလေးတွင် ရေပေါ်သင်္ကြန် ကျင်းပမည်

သျှမ်းပြည်နယ်တောင်ပိုင်း၌ နိုင်ငံရေးတည်ငြိမ်ခြင်းမရှိသော်လည်း အင်းလေးတွင် ရေပေါ်သင်္ကြန် ကျင်းပမည်

Hsan Loi Editor
11/04/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း ညောင်ရွှေမြို့နယ် အင်းလေးကန်​၏ ရေလည်ခန်းမ၌ ရေပေါ်သင်္ကြန်ကျင်းပသွားမည်ဟုဆိုသည်။

အင်းလေးရေပေါ်သင်္ကြန်ကို ဧပြီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

“ မနှစ်ကတော့ အုပ်ချုပ်ရေးမှူးတွေရဲ့ တိုက်တွန်းမှုနဲ့ ယိမ်းအကအဖွဲ့တွေရော ဘာတွေရောဆိုတော့ နည်းနည်းစည်သလိုပဲပေါ့။ ဒါပေမယ့် ဟိုး ၂၀၁၉ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ရေပေါ်သင်္ကြန်လိုမျိုးတော့ ပျော်စရာမကောင်းဘူး။ အခုနှစ်ကတော့ စစ်မှုထမ်းဥပဒေကတစ်ဖက်၊ တိုက်ပွဲကတစ်ဖက်နဲ့ဆိုတော့ လူစည်မယ်မထင်ပါဘူး။” ဟု အင်းလေးဒေသခံ အင်းသားတစ်ဦးကပြောပြသည်။

ဒါ့အပြင် သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်လည်း အစိုးရဌာနဆိုင်ရာရုံးများ၌ သင်္ကြန်ပွဲကျင်းပရန် မဏ္ဍပ်ထိုးနေပြီဖြစ်သည်။