သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဆီဆိုင်မြို့နယ်တွင် ရွာထဲရေပြန်သယ်သော ၁၀ တန်းကျောင်းသူ (၃) ဦး လက်နက်ကြီးကျည်ထိမှန်ပြီး တစ်ဦးသေဆုံးဟုဆို

ဆီဆိုင်မြို့နယ်တွင် ရွာထဲရေပြန်သယ်သော ၁၀ တန်းကျောင်းသူ (၃) ဦး လက်နက်ကြီးကျည်ထိမှန်ပြီး တစ်ဦးသေဆုံးဟုဆို

Hsan Loi Editor
09/04/2024
Share:

 

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု တွေပူးရွာတွင် စစ်ဘေးရှောင်(၁၀)တန်းကျောင်းသူ (၃) ဦးဧပြီလ(၈) ရက်နေ့က ရွာထဲရေပြန်သယ်ရင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် (၁) ဦးသေဆုံးကာ (၂) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

 

“ လွယ်ပွတ်ဒေသကို ပြန်လည်ရရှိဖို့ PNA နဲ့ စစ်ကောင်စီက နေ့တိုင်းထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ ကလေးတွေ သောက်ရေသန့်ရရှိဖို့ ပြန်သွားယူတဲ့အချိန် လက်နက်ကြီးထိပြီး နေရာမှာတင် တစ်ယောက်ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့သူတွေကို အလံဖြူထောင်ပြီး ကားနဲ့ပြန်သယ်ပြီး ဆေးကုပေးနေတယ်။”

 

လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အား စစ်ကောင်စီနှင့်PNA ပူးပေါင်းအဖွဲ့က ပြန်လည်ထိန်းချုပ်ထားပြီး ကျန်ရှိနေသော နေရာများအား ပြန်လည်ရရှိရေး ဆက်လက်ထိုးစစ်ဆင်နေသည်ဟုဆိုသည်။

 

လွယ်ပွတ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။