ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၂၂ လက်နက်ကြီး ၂ လက် ၊ ၁၂၀လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်နှင့် ယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချမှုတွေလည်း အမြောက်အများရှိသည်ဟု ဒေသသတင်းအရင်းအမြစ်များက ဖော်ပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ လက်နက်ချသည့် စစ်သားများ ယခုတိုက်ပွဲဖြစ်နေသည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်နှင့် မြဝတီ ဒေသတွင်လည်း ထပ်မံလက်နက်ချမှုတွင် ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။
