နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမြို့နယ် ပင်ပုံရွာဘုန်းကြီးကျောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းခံရပြီး ပျက်စီး

ပင်လောင်းမြို့နယ် ပင်ပုံရွာဘုန်းကြီးကျောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းခံရပြီး ပျက်စီး

Hsan Loi Editor
03/04/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ၏ ဘုန်းကြီးကျောင်းအား ဧပြီလ (၂) ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

 

ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဘုန်းကြီးကျောင်းအဆောက်အအုံတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ရသည်။

 

“ ပင်လောင်းဘက်မှာ တိုက်ပွဲမဖြစ်တာ တစ်ပတ်ကျော်လောက်တောင်ရှိနေပြီ။ တော်လှန်ရေးအဖွဲ့တွေလည်း ပြန်ဆုတ်သွားတယ်လို့ကြားတယ်။ ဒီလိုအချိန်မှာ ရုတ်တရက်ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာကတော့ တမင်ရည်ရွယ်ချက်ရှိရှိပြုလုပ်တာပါပဲ။ တော်သေးတာပေါ့ ကျောင်းထဲမှာ ဘုန်းကြီးတွေရော လူတွေရောမရှိတော့ လူအထိအခိုက်မရှိဘူးပေါ့။” ဟု ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးကပြောသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် PNA အဖွဲ့အား တော်လှန်ရေးအင်အားစုများဖြစ်သော PNLA+PDF တို့က လွန်ခဲ့သည့်အပတ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။