သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လွိုင်ကော်-ပင်လောင်း ကားလမ်းပေါ်ရှိ နောင်ဝိုးတောင်ပေါ်တံတား လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားပြီ

လွိုင်ကော်-ပင်လောင်း ကားလမ်းပေါ်ရှိ နောင်ဝိုးတောင်ပေါ်တံတား လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားပြီ

Hsan Loi Editor
31/03/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-လွိုင်ကော်ကားလမ်းမကြီး နောင်ဝိုးနှင့်ဆောင်းပြောင်းရွာကြားရှိ တောင်ပေါ်တံတားသည် ယမန့်နေ့တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးသွားပြီဟုဆိုသည်။

 

“ ဒီလမ်းက ဒီတံတားက အရေးကြီးတဲ့တံတားတစ်ခုဖြစ်တယ်။ ဘာလို့လဲဆိုရင် လွိုင်ကော်ကိုသွားရင် ဒီတံတားကိုဖြတ်ပြီးသွားရတယ်။ ပြီးတော့ ဒီလမ်းကလည်း တောင်စောင်းတွေနဲ့အကွေ့အကောက်များတော့ သွားလာရခက်တဲ့အထဲမှာပါတယ်။ အခုတံတားပျက်သွားပြီဆိုတော့ သွားလာဖို့ အရမ်းခက်ခဲသွားပြီ” ဟု ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

 

လက်ရှိအချိန်အထိ စစ်ကောင်စီ+PNAတပ်နှင့် PNLA + PDF တို့သည် ပင်လောင်းမြို့နယ် နှင့် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်းသိရသည်။