၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ယမန်နေ့၊ နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်က စစ်ကောင်စီ ၃၁၂ တပ်ရင်းမှ အင်အား ၁၀၀ နီးပါး လားရှို- ကွမ်းလုံလမ်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၂၁၁) ၏ တပ်ရင်းအချို့ထံ ချဉ်းကပ်လာခဲ့ကြောင်း သိရှိရပါသည်။
မူပန်ခရိုင်(သိန္နီဒေသ) တွင် နံနက် ၁၁ နာရီ ၅၃ မိနစ်မှ နေ့လည် ၁နာရီ ၀၆ မိနစ်အထိ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ အနည်းဆုံး လူ ၃ ဦး သေဆုံး ဒဏ်ရာရရှိပြီး MNDAA မှ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/