သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယမန်နေ့(၂၂.၃.၂၀၂၄) ရက်နေ့ ည (၁၂) နာရီကျော်ခန့်တွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကာ ပြည်သူလူထုနေအိမ်(၅)လုံး၊ ဆေးပေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့သည်။
နန်းတုတ်ရွာတွင် ကရင်နီဘက်က ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များပါ လာရောက်မှီခိုနေရသည့် ရွာဖြစ်သည်။ ယခုအခါ ရွာခံများနှင့် စစ်ဘေးရှောင်များပါ ကျေးရွာကိုစွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။
