သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပအိုဝ်းဒေသတွင်စစ်ပွဲဖြစ်နေသော်လည်း တောင်ကြီးမြို့၌ ပအိုဝ်းအမျိုးသားနေ့အကြို ဘောလုံးပြိုင်ပွဲကျင်းပနေ

ပအိုဝ်းဒေသတွင်စစ်ပွဲဖြစ်နေသော်လည်း တောင်ကြီးမြို့၌ ပအိုဝ်းအမျိုးသားနေ့အကြို ဘောလုံးပြိုင်ပွဲကျင်းပနေ

Hsan Loi Editor
20/03/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီတပ်+PNO ပူးပေါင်းအဖွဲ့နှင့် PNLA + PDF တို့ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေလျက်ရှိသည်။ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများစွာ နေအိမ်ကိုပြန်နိုင်ခြင်း မရှိသေးပါ။

 

ဒါ့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့လူထုနေအိမ်များစွာလည်း ပျက်စီးခဲ့ရပြီဖြစ်သည်။

 

“ တိုက်ပွဲတွေက ဆီဆိုင်ဘက်မှာရော ဟိုပုံးဘက်မှာရော အခုထိဆက်ဖြစ်နေတုန်းဆိုတော့ ဘယ်သူမှ အိမ်ကိုမပြန်ရဲသေးဘူး။ တချို့တွေလည်း အိမ်ကိုလက်နက်ကြီးထိလို့ ပျက်စီးကုန်ပြီ ပြန်စရာအိမ်မရှိတော့ဘူး။ တိုက်ပွဲတွေက ပင်လောင်းမြို့နယ်အထိကို ကူးစက်လာလို့ ပိုဆိုးလာမှာကိုပဲကြောက်ရတယ်။ ဒါတောင်မနေ့က စစ်ကောင်စီဘက်ကနေ ဆီဆိုင်ကပြည်သူတွေကို အိမ်ပြန်ဖို့ပြောနေသေးတယ်။ ဘယ်သူမှမပြန်ရဲကြသေးဘူး။”

 

အခြားတစ်ဖက်တွင်မူ ပအိုဝ်းဒေသအတွင်း စစ်ပွဲဖြစ်သော်လည်း တောင်ကြီးမြို့ ပအိုဝ်းတပေါင်းကွင်းအတွင်း ၇၅ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြိုအဖြစ် ဘောလုံးပြိုင်ပွဲကျင်းပနေကြောင်း သိရသည်။