နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာချီလိတ် -မယ်ဆိုင် နယ်စပ်ဖြတ်ကျော်ခွင့်စာ အုပ် အသစ်ထုတ်ပေးမည်မဟုတ်ပဲ သက်တမ်းတိုးခြင်းသာ ဆောင်ရွက် ပေးမည်ဟုဆို

တာချီလိတ် -မယ်ဆိုင် နယ်စပ်ဖြတ်ကျော်ခွင့်စာ အုပ် အသစ်ထုတ်ပေးမည်မဟုတ်ပဲ သက်တမ်းတိုးခြင်းသာ ဆောင်ရွက် ပေးမည်ဟုဆို

ahadmin
09/12/2022
Share:

 

တာချီလိတ် -မယ်ဆိုင် နယ်စပ်ဖြတ်ကျော်ခွင့် စာ အုပ်အသစ်ပြုလုပ်ခြင်းအား ရပ်နားထားပြီး ၊လတ် တလော အရေးပေါ်လိုအပ်နေသည့် ကုန်သွယ် ကူးလူးမှုများအ တွက် သွားရောက်နေသည့် ယာဉ် မောင်းများ၏ စာအုပ်များအတွက်သက်တမ်းတိုးခြင်းအား သတ်မှတ်စျေးနှုန်းနှင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည် ။

နေ့စဉ်ဖြတ်ကျော်ခွင့် စာရွက်တွေမျကို အမှတ် (၁) ချစ် ကြည်ရေးတံတား အောက်ရှိ လဝက ရုံးတွင် လုပ်ဆောင်ပေးနေကြောင်း ၄င်းလက်မှတ်အား ကျပ် ငွေ တစ်ထောင်ကျပ်ဖြင့် ပြုလုပ်ပေးလျှက်ရှိပြီး တစ်ထောင်ကျပ်ထက် ပိုမိုကောက်ခံပါက ခရိုင်လဝကရုံးသို့ တိုင်ကြားနိုင်ကြောင်း၄င်းသတင်းရင်း မြစ်က ဆိုသည် ။

“ကျွန်တော်က နေ့စဉ် ကဒ်လုပ်နေတယ်။ကျပ်ကမလွယ်တော့ ဘတ်နဲ့ပေးတယ်။တခါတလေ ကုန် အဝင်အထွက် များတဲ့နေ့မျိုးမှာ တခေါက် တခေါက် BP ရုံးကို မလာနိုင်တဲ့အခါ တကြိမ်တည်းနဲ့ (၃)ရွက်စာ ၊ တရွက်လျှင်။ ကျပ် တစ်ထောင် ၊၃ရွက် (၃) ထောင်ကျပ် ၊ဒေသသုံးဘတ်ငွေ (၅၀)ဘတ်အား ပေးပြီး လုပ်တာမျိုးရှိတယ်။ကျွန်တော်တို့အနေနဲ့ အချိန်ချုံ့တဲ့အနေနဲ့ လုပ်ချင်လို့ ပေးတာမျိုး ဖြစ်ပါတယ်။”ဟု တံတား (၂)တွင် ကုန်စည်ကူးသန်းနေသူ ယာဉ်မောင်း တစ်ဦးက ပြောသည် ။

အမှတ် (၁)တံတားထိပ်ရှိ Boder pass ဖြတ်သန်းရေး လက်မှတ်ပြုလုပ်သည့်နေရာတွင် တရက်စာ ဖြတ်သန်းခွင့် လက်မှတ်ကြေးအား တစောင်လျှင် လက်မှတ်ခ (၅၀၀) ကျပ်နှင့် နယ်စပ်ဖြတ်သန်းခ (၅၀၀)ကျပ် စုစု ပေါင်း ကျပ်တစ်ထောင် ကောက်ခံလျက်ရှိပြီး တရက်လျှင် လူ (၂၀)ဦးခန့်၊ကဒ် (၆၀)ခန့် ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

နယ်စပ်ဖြတ်သန်းခွင့် (BP) စာအုပ်အနေနှင့်လည်း သက် တမ်းတိုးအနေနှင့် တနေ့လျှင်အနည်းဆုံး(၂) အုပ်အများ ဆုံး (၈)အုပ်သာ ဆောင်ရွက်ပေးလျှက် ရှိကြောင်းသိရသည် ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/