ယနေ့ မတ်လ(၁၅)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယမ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထမ်းယမ်ရွာ ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့သလို ကိုရင်နှစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
