နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်း-ထိုင်းနယ်စပ်တွင် မူးယစ်ကုန်ကူးသည့်အဖွဲ့နှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်တိုက်ခိုက်ကြပြီး ၁၅ ဦးသေဆုံး

သျှမ်း-ထိုင်းနယ်စပ်တွင် မူးယစ်ကုန်ကူးသည့်အဖွဲ့နှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်တိုက်ခိုက်ကြပြီး ၁၅ ဦးသေဆုံး

Hsan Loi Editor
08/12/2022
Share:

 

ယမန်နေ့ညနေက (သျှမ်း-ထိုင်းနယ်စပ်၊ ထိုင်းဘက်ခြမ်း) ချင်းမိုင်နယ်စပ်၊ ဖန်မြို့နယ်၊ မွန့်ပင်နယ်မြေထဲတွင် မူးယစ်ကုန်ကူးသည့်အဖွဲ့တဖွဲ့နှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြပြီး မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ ၁၅ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

 

ယင်းအပြင် ထိုင်းအာဏာပိုင်များဘက်က အိုက်စ် မူးယစ်ဆေးဝါး (ကျောပိုးအိတ်) ၂၉ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။

 

မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ ၁၅ ဦးမှ ၂၀ ဦးအထိ သျှမ်းပြည်ဘက်မှ ဝင်ရောက်သွားကြခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကနဦး စစ်ဆေးရန် ဟန့်တားခဲ့သည်။ သို့သော် မူးယစ်ကုန်ကူးသည့်အဖွဲ့ဘက်မှ အမျိုးအစားမခန့်မှန်းနိုင်သော သေနတ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကြာခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။

 

ထိုင်းအာဏာပိုင်များက အသက်အန္တရာယ်ကိုစိုးရိမ်၍ ယမန်နေ့ညပိုင်းက ရုတ်တရက် ဝင်ရောက်ရှာဖွေခြင်း မပြုလုပ်ခဲ့ပဲ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ကြသည်ဟုဆိုသည်။

 

အခင်းဖြစ်ပွားရာကို ယနေ့ နံနက် ဝင်ရောက်ရှာဖွေကြရာ မူးယစ်ကုန်ကူးသည့်အဖွဲ့မှ ၁၅ ဦး သေဆုံးနေပြီး အိုက်စ် မူးယစ်ဆေးဝါး ကျောပိုးအိတ် ၂၉ လုံး၊ ရိုင်ဖယ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

 

Ref: maesaipress, Thai PBS

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/