နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့်ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီက အဆိပ်ငွေ့နှင့် မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်နေဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့်ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီက အဆိပ်ငွေ့နှင့် မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်နေဟုဆို

Hsan Loi Editor
11/03/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး မဲနယ်တောင်ဒေသ ပင်လျမ်းရွာကို စစ်ကောင်စီက ဒုတိယအကြိမ်း လက်နက်ကြီးများ မီးလောင်ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA က ထုတ်ပြန်ခဲ့သည်။

 

ယမန်နေ့ (၁၀.၃.၂၀၂၄)တွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNLA+KNDF+PDF တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးများ ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်မှု ၁၀၈ ကြိမ် ပြုလုပ်ခဲ့သလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သည်။

 

တိုက်ခိုက်ခြင်းကြောင့် မြို့တွင်းရှိ ပြည်သူလူထုများ၏ နေအိမ် ၁၆ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။

 

ယမန်နေ့တွင်ပင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်တောင်ကြောတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

 

စစ်ကောင်စီက မီးလောင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးအချက် ၂၀ ကျော်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပင်လျမ်းကျေးရွာကို မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။