နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွာငံ – ကျောက်ဆည်လမ်းတွင်အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီးလူ(၆)ဦး သေဆုံး 

ရွာငံ – ကျောက်ဆည်လမ်းတွင်အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီးလူ(၆)ဦး သေဆုံး 

Hsan Loi Editor
06/03/2024
Share:

 

သျှမ်းတောင် ၊ ရွာငံမြို့နယ်၊ မြို့ကြီးနဲ့ ပခန်းကြား ရှိ ရွာငံ – ကျော်ဆည်လမ်းပိုင်း ၊ ညောင်ထောက်ကွေ့နေရာမှာ မနေ့ မတ် ၅ ရက် ၊ မွန်းလွဲ ၂ နာရီဝန်းကျင်က အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါ လာသူလူ(၇)ဦးအနက် (၆)ဦး သေဆုံးခဲ့ပြီးကလေးငယ်တစ်ဦးသာအသက်ရှင်ကျန်ရစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တွေဆီက သိရပါတယ် ။

 

” ကားပေါ်ပါလာတာက အမျိုးသား ၂ ဦး ၊ အမျိုး သမီး ၄ ဦး နဲ့ ကလေးငယ် တစ် ဦးစုစုပေါင်း ၇ ဦး အဲ့ဒီထဲမှာ သေ ဆုံးတာက အောင်ပန်း ဘော်ဒါ ဆောင်ဆရာမတစ်ဦးရယ် ဟိုပုံးက ၅ ဦးရယ် က ဆုံးပြီ ကလေးပဲကျန်ခဲ့တယ် ” ဒေသခံတစ်ဦးက ပြောပါတယ် ။

 

အလောင်းတွေကိုတော့ ရွာငံလူမှုကူညီရေးအဖွဲ့တွေနဲ့ ဟိုပုံးလူမှုကူညီရေး အဖွဲ့တွေပူးပေါင်းသယ် ဆောင်သွားကြပြီး ကျန်ခဲ့တဲ့ ကလေးကိုတော့ ကျောက် ဆည်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ် ။