နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ် ၃ ဖွဲ့ သဘောတူညီချက်

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ် ၃ ဖွဲ့ သဘောတူညီချက်

Hsan Loi Editor
04/03/2024
Share:

 

၁) ကိုးကန့်ဒေသတွင် MNDAA ကို သျှမ်းပြည်နယ်အထူးဒေသ တရားဝင် အစိုးရအဖြစ်၎င်း

.

၂) AA, TNLA, MNDAA တို့ သိမ်းယူထားသော မြို့များကို ၎င်းတို့ပိုင်အဖြစ် စကစ က အသိအမှတ်ပြုပေးခဲ့ပြီး .

.

၃) နှစ်ဘက်စလုံးမှ တပ်များသည် သဘောတူညီထားသော နယ်မြေများမှ ရှေ့ဆက်မတိုးရပဲ တပ်ချင်း ခွာထားရန်

.

၄) AA, TNLA, MNDAA တို့က တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန်

.

၅) ချင်းရွှေဟော်တွင် စကစ၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး MNDAA ၏ အလားတူအဖွဲ့အစည်းတို့ကလည်း ပူးတွဲတာဝန်ယူရန်

.

၆) ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်ပြည်နှင့်ကူးသန်းသွားလာမယ့် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေ ၇၀% ကို ညီနောင် မဟာမိတ် ၃-ဖွဲ့ကိုယ်စား MNDAA အစိုးရက ရယူပြီး

စကစက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

 

တရုတ်နိုင်ငံကြားဝင်စေ့စပ်မှုအရ အခုလို သဘောတူညီချက် ရရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပြီး နှစ်ဘက်စလုံးကတော့ လောလောဆယ် အတည်ပြုခြင်း မရှိသေးပါ။