နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရုံးမှအရာရှိဦးဆောင်သည့်တာချီလိတ်က ဓားပြတိုက်လုယက်မှု၊ ကျူးလွန်သူ (၇) ဦးကိုဖမ်းဆီးရမိဟုဆို

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရုံးမှအရာရှိဦးဆောင်သည့်တာချီလိတ်က ဓားပြတိုက်လုယက်မှု၊ ကျူးလွန်သူ (၇) ဦးကိုဖမ်းဆီးရမိဟုဆို

Hsan Loi Editor
02/03/2024
Share:

 

တာချီလိတ်တွင် ဓားပြတိုက်လုယက်မှုများ ကျူး လွန်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော ၇ ဦးပါ အဖွဲ့ကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

 

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်နှင့် ရဲဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်

ပြီးဓားပြတိုက် လုယုက် သူများအနက်ခေါင်းဆောင်ဖြစ်သူရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ကို ဖေဖော်ဝါ ရီလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုး ရေးလမ်း၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများမှာ အသက် (၃၂) နှစ်အရွယ် အေးကိုကိုဦးအပါအဝင် အသက် (၂၀) နှစ်အရွယ်ရှိ စိုင်းမောင်ထွန်း (ခ) အိုက်ပီး၊ အသက် (၂၇) နှစ်အရွယ်ရှိ စိုင်းလှမောင်၊ အသက် (၁၈) နှစ်အရွယ်ရှိ စိုင်းခမ်းတွီ၊ အသက် (၃၈) နှစ်အရွယ်ရှိ ရဲသီဟလွင်၊ အသက် (၂၀) နှစ်အရွယ်ရှိ ကျိုင်းစံဟိုင်းနှင့်အသက် (၂၅) နှစ်အရွယ် စိုင်းဆိုင်မိန်းတို့ ဖြစ် ကြောင်းသိရသည်။

 

၄င်းတို့ထံ မှ သေနတ် ၆ လတ်နှင့် ကျည်ဆံများ၊ စကား ပြောစက် ၁ လုံး၊ ဓားရှည် ၁ ချောင်း၊ နံပါတ် တုတ် (၁) ချောင်း နှင့် လက်ထိပ်များအပြင် ရဲဝတ်စုံနှင့် ပြည်သူ့စစ်ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထား သည်။