တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သောကြောင့် ဒေသခံများထွက်ပြေး

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သောကြောင့် ဒေသခံများထွက်ပြေး

Hsan Loi Editor
08/12/2022
Share:

 

ယမန့်နေ့ ဒီဇင်ဘာလ (၇) နေ့ မွန်းလွှဲပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ TNLA စခန်းအနီးတစ်ဝိုက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီဖက်မှ စစ်ရဟတ်ယာဉ်များအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသ သတင်းများက ဖော်ပြခဲ့သည်။

 

ယမန်နေ့ညကတည်းက စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်သားများကို သယ်ဆောင်ခဲ့သလို နမ့်ဆန်မြို့တွင်းကနေလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဒီကနေ့မနက်ပိုင်းအထိ (၂) ဖက်တပ်များ အပြန်အလှန်ပစ်ခတ်သံ ဆက်တိုက်ကြားနေရပြီး ရဟတ်ယာဉ်များလည်း ဆက်တိုက်ရောက်လာပြီး TNLA တပ်စခန်းရှိရာကို ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

 

တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ် ကုန်းသာရွာ အပြင် အနီးအနားရှိ ဒေသခံများ နီးစပ်ရာကျေးရွာများထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ့်ဆန်မြို့ဒေသခံတစ်ဦးမှ ပြောပြသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/