ယနေ့ (၂၉.၂.၂၀၂၄)ရက်နေ့ နေ့လည်ပိုင်းခန့်၌ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဇယ်တွင်းကျေးရွာအနောက်ဘက်ခြမ်း လယ်ကွင်းအတွင်းသို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်းပျက်စီးပြုတ်ကျခဲ့သည်ဟု ဒေသသတင်းများ၏ ဖော်ပြမှုအရ သိရသည်။
တိုက်လေယာဉ်ပေါ်ပါလာသော လေယာဉ်မှူး(၂)ဦးသည်လည်း လေထီးဖြင့် ခုန်ဆင်းပြီး အသက်ဘေးလွှတ်မြောက်ခဲ့ကာ စစ်ကောင်စီအဖွဲ့က ၎င်းတို့လေယာဉ်မှူးများအား ပြန်လည်ခေါ်ဆောင်သွားဖြစ်သည်ဟု သိရသည်။
