သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခုဲင်းရွာအား ယနေ့နံနက်(၉)နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသောကြောင့် ရုတ်တရက်ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူတစ်ဦး ထိခိုက်သေဆုံးပြီး နေအိမ်(၄)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့်မိုင်းပွန်မြို့နယ်တို့တွင် စစ်ကောင်စီ+PNA ပူးပေါင်းတပ်နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိပြီး တောင်ကြီး-မိုင်းပွန်-လွိုင်လင်-ပင်လုံလမ်းအား ပိတ်ထားသည်ဟု ဆိုသည်။
