သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် နားခုဲင်းရွာအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် နားခုဲင်းရွာအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံး

Hsan Loi Editor
28/02/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခုဲင်းရွာအား ယနေ့နံနက်(၉)နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသောကြောင့် ရုတ်တရက်ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူတစ်ဦး ထိခိုက်သေဆုံးပြီး နေအိမ်(၄)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

 

လက်ရှိတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နှင့်မိုင်းပွန်မြို့နယ်တို့တွင် စစ်ကောင်စီ+PNA ပူးပေါင်းတပ်နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာလျက်ရှိပြီး တောင်ကြီး-မိုင်းပွန်-လွိုင်လင်-ပင်လုံလမ်းအား ပိတ်ထားသည်ဟု ဆိုသည်။