သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အမှတ်(၁)ရပ်ကွက် အောင်ဆန်းလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ည(၁၁) နာရီခန့်က ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးသည့် လက်ဖက်ရည်ဆိုင်ဘေးရှိ ၂ ထပ်တိုက် နေအိမ်တစ်လုံး၊ လေးထပ်တိုက်နေအိမ်တစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်ဟုဆိုသည်။
၁ နာရီကျော်ကြာမှ မီးငြိမ်းသက်နိုင်သောကြောင့် အဆိုပါ အဆောက်အအုံ(၃) ခု မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
