နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆွစ်ဇာလန်က စီစဥ်ကျင်းပမည့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး မြန်မာတက်ရောက်ခွင့်မရသေး 

ဆွစ်ဇာလန်က စီစဥ်ကျင်းပမည့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး မြန်မာတက်ရောက်ခွင့်မရသေး 

Hsan Loi Editor
08/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂-၁၄ ရက်နေ့ထိ ဂျီနီဗာ၌ ကျင်းပပြုလုပ်သွားမည့် ဆွစ်ဇာလန်က စီစဥ်ကျင်းပသော ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် သို့မဟုတ် NUG ကိုသော်လည်းကောင်း ဖိတ်ကြားသွားရန်မရှိသေးကြောင်း သိရပါသည်။

 

ထိပ်သီးအစည်းအဝေးတက်ရောက်နိုင်ရန် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများထံသို့ အမည်စာရင်းပေးပို့လျှောက်ထားရမည့်ကိစ္စကို အသိပေးအကြောင်းပြီးဖြစ်သည်ဟု သိရသည်။

 

UNGA က အသိအမှတ်ပြုခြင်းခံရသော နိုင်ငံတော် အစိုးရ ကိုယ်စားလှယ်များအတွက် ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် လမ်းဖွင့်ပေးထားသော်ငြားလည်း မြန်မာနိုင်ငံတော်အတွက် ချန်လပ်ထားဆဲဖြစ်သည်ဟု မြန်မာရှိ ဆွစ်ဇာလန်သံရုံးက ယမန်နေ့ညက ထုတ်ပြန်ကြေညာထားပါသည်။

 

Justice for Myanmar က မြန်မာနိုင်ငံမှ တက်ရောက်မည့် ကိုယ်စားလှယ်ကိစ္စနှင့်ပါတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုသာ ဖိတ်ကြားသင့်ကြောင်း တိုက်တွန်းထားသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/