ယမန်နေ့ ည (၁၀.၂.၂၀၂၄) ရက်နေ့ ညသန်းခေါင်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၅၈/၅) ၌ ခရီးသည်တင်ယာဉ်(၂)စီးနှင့်အိမ်စီးကားငယ်(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသား(၂) ဦး အဆိုပါအခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးပြီး (၈) ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။ သေဆုံးသူများသည် အိမ်စီးကားငယ်ပေါ်မှ လိုက်ပါလာသူများဖြစ်သည်။
စစ်ဆေးရေးဂိတ်တွင် ကားများမီးပိတ်ပြီး တန်းစီစောင့်ဆိုင်းနေစဉ် အဝေးပြေးခရီးသည်တင်ယာဉ်က ဝင်ဆောင့်ခြင်းဖြစ်ပြီး အဝေးပြေးခရီးခရီးသည်တင်ယာဉ်(၂) စီးကြား ကားငယ်(၃)စီး ညှပ်တိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
