နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS က တာချီလိတ်မြို့နယ်ရှိ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စခန်းတခုကို ဝင်ရောက်စီးနင်း 

RCSS က တာချီလိတ်မြို့နယ်ရှိ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စခန်းတခုကို ဝင်ရောက်စီးနင်း 

Hsan Loi Editor
05/02/2024
Share:

 

ဖေဖော်ဝါရီလ ၃ ရက်နေ့ ၄ နာရီခန့်တွင် RCSS အဖွဲ့က သျှမ်းပြည် တာချီလိတ်မြို့နယ် ဟိုင်းနေရှိ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာတခုကို ဝင်ရောက်စီးနှင်းရာ စိတ်ကြွဆေးပြား ၄ သန်း နှင့် အိုက်စ် ၈၄ ဂရမ်ဖမ်းဆီးရမိခဲ့သည်။

 

ယင်းစိတ်ကြွဆေးပြားထုတ်လုပ်သည့်နေရာသည် သျှမ်းပြည် တာချီလိတ်မြို့နယ် လွယ်ဖာဒန်း ဟွေ့ကပ်၊ ဟိုင်းနေဒေသအတွင်း၌ ဖြစ်သည်။

 

RCSS တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ လားဟူအမျိုးသား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

 

ပီနှံအိတ်များဖြင့်အသင့်ထုတ်ပိုးထားသော စိတ်ကြွဆေးပြား ၃,၈၈၄,၀၀၀ (၃.၈ သန်း)၊ မထုပ်ပိုးရသေးသော စိတ်ကြွဆေးပြား ၆ သိန်း၊ စိတ်ကြွဆေးပြားပြုလုပ်ရန် ဆေးမူန့် ၂၅၀၀ ဂရမ်၊ အိုက်စ် ၈၄ ကီလိုဂရမ်၊ ကားဖေးအင်း ၁ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားထုတ်လုပ်သည့် စက် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများကို လွယ်ကော်ဝမ်းစစ်ဒေသသို့ သယ်ဆောင်သွားခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မီးရိူ့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။