နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု စာသင်နေသောကလေးငယ်(၄)ဦးသေ၊ (၁၀)ဦး ဒဏ်ရာရဟုဆို

ဒီးမော့ဆိုမြို့ စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု စာသင်နေသောကလေးငယ်(၄)ဦးသေ၊ (၁၀)ဦး ဒဏ်ရာရဟုဆို

Hsan Loi Editor
05/02/2024
Share:

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါစီအိ ပရဟိတစာသင်ကျောင်းအား စစ်ကောင်စီတပ်က ယနေ့ (၅.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် စာသင်ကျောင်းတည့်တည့်ပေါ်သို့ (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး စာသင်ခန်းအတွင်းရှိ ကလေးငယ်(၄) ဦး သေဆုံးခဲ့သည်။ ဒါ့အပြင် နောက်ထပ်ကလေး(၁၀) ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖယ်ခုံ Rescue နှင့်ဆက်သွယ်မေးမြန်းရာတွင် “ မနက် (၁၀) နာရီခွဲလောက်မှာ တိုက်လေယာဉ်တွေက ရောက်လာပြီး ဗုံးလာကြဲသွားတာ။ စာသင်ကျောင်းအပေါ်တည့်တည့်ကို တမင်ရည်ရွယ်ချက်ရှိရှိ ကြဲချသွားတာပါ။ စာသင်ချိန်ဖြစ်တဲ့အတွက် အခန်းထဲမှာရှိနေတဲ့ ကျောင်းသား(၄) ယောက်သေသွားတယ်။ အလောင်းတွေလည်းတစ်စစီကိုဖြစ်သွားတာ မနည်းပြန်လိုက်ကောက်နေရတယ်။ သူတို့လုပ်ရပ်တွေကဘယ်လောက်အထိ ရက်စက်ယုတ်မာသလဲဆိုတာ ပြသနေတာပဲ။” ဟု ပြောပြသည်။

ကယားပြည်နယ်(ကရင်နီပြည်) ဒီးမော့ဆိုမြို့ရှိ ဒေါစီအိပရဟိတကျောင်းသည် စစ်ဘေးရှောင်ကလေးငယ်များအား လက်ခံထားကာ စာသင်ပေးနေသောကျောင်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။