ဆီဆိုင်မြို့ကို PNLA + PDF ထံမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်ဟုဆိုပြီး စစ်ကောင်စီက PNO အား လက်နက်ခဲယမ်းများစွာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
PNO အဖွဲ့ကလည်း အဆိုပါလက်နက်ခဲယမ်းများ ရရှိပြီးနောက် ၎င်းတို့ထံ စစ်ပညာသင်ကြားထားသော သျှမ်းပြည်နယ်တောင်ပိုင်းမှ ပအိုဝ်းတိုင်းရင်းသားရွာသူရွာသားများအား ဆင့်ခေါ်လျက်ရှိသည်ဟု ဆက်စပ်သတင်းအရသိရသည်။
စစ်ကောင်စီတပ်+PNO ပူးပေါင်းအဖွဲ့နှင့် PDF + PNLA အဖွဲ့တို့၏ တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်ရှိ လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးနေပြီဖြစ်သလို ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်။
