နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ကျားဖြန့်လိမ်လည်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦး ဖမ်းဆီးရမိဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ကျားဖြန့်လိမ်လည်လုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦး ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
26/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် စစ်ကောင်စီအဖွဲ့နှင့် ဒေသခံပြည်သူ့စစ်တို့ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသား (၁၀၃၈) ဦးအား (၂၃.၁.၂၀၂၄) ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုအထဲတွင် အမျိုးသား (၁၀၀၂) ဦး၊ အမျိုးသမီး (၃၆) ဦး ပါဝင်သည်။

“ နမ့်စန်မှာက အရင်ကတည်းက တရားမဝင်လောင်းကစားဝိုင်းတွေ တရားဝင်လိုမျိုးလုပ်နေတာပဲ။ ပန်လျန်းဆိုင်ဘက်ဆိုရင် အဆိုတော်တွေကိုဖိတ်ပြီး ညလုံးပေါက် ပျော်ပွဲရွှင်ပွဲလုပ်သလို တစ်ဖက်မှာလည်း လောင်းကစားဝိုင်းတွေကို တွဲဖွင့်ကြတယ်။ အများအားဖြင့်တော့ ဒေသတွင်းပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတောင်ယူထားကြတယ်။” ဟု နမ့်စန်ဒေသခံတစ်ဦးကပြောသည်။

ယခုလို ထောင်ချီသော တရုတ်နိုင်ငံသားများ သျှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိလာမှုအပေါ် သံသယဖြစ်စရာကောင်းကြောင်းလည်း ၎င်းကပြောသည်။

နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်အပြင် မတ်ကျန်း၊ ပန်လျန်းဆိုင်နှင့် SSS ပြည်သူ့စစ်အဖွဲ့တို့ ရှိသော မြို့တစ်မြို့ဖြစ်သည်။