သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး ၄ မိုင်စစ်ဆေးဂိတ်မှာ စစ်ရှောင်တွေဆီ ရဲ တပ်ဖွဲ့ဝင်က ပိုက်ဆံတောင်း

တောင်ကြီး ၄ မိုင်စစ်ဆေးဂိတ်မှာ စစ်ရှောင်တွေဆီ ရဲ တပ်ဖွဲ့ဝင်က ပိုက်ဆံတောင်း

Hsan Loi Editor
26/01/2024
Share:

 

သျှမ်းတောင်က စစ်ရှောင်တွေတင်လာတဲ့ ကုန် ပစ္စည်း များတဲ့ကားတွေကို တောင်ကြီး ၄ မိုင်စစ် ဆေးဂိတ်မှာ ရဲ တွေက ပိုက်ဆံ တောင်းနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ် ။

 

” ကျွန်တော်တို့က စစ်ရှောင် လာတာပါ၊ အိမ်က နေရသလောက် ပစ္စည်းတင်ပြီး လာတာ ၄ မိုင်ဂိတ်မှာ နှာ ခေါင်းစည်းတပ်ထားတဲ့ ရဲက ပိုက်ဆံတောင်းပါတယ် ပစ္စည်းတင်တာများလို့ဆိုပြီးလက်ဖက်ရည်ဖိုးတောင်းပါတယ် ” လို့ အမည်မဖော်လိုသူ စစ်ရှောင် ယာဥ်မောင်းတစ်ဦးကပြောပါတယ် ။

 

တောင်ကြီး ၄ မိုင်ဂိတ်မှာစစ်ကောင်စီလက် အောက် ခံ ရဲတပ်ဖွဲ့ ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့နဲ့ စစ်ကောင် စီတပ်ဖွဲ့စုံ ရှိနေတာပါ ။

 

” သူတို့ ကို အလိုက်တစ်သိ ပိုက်ဆံပေးရင်ပေး မပေးရင် ရစ်တယ် ၊ ဟိုဟာပြဒီဟာပြပေါ့ သူတို့ကားတံခါးဘောင်ပေါ်လက်တင်ရင် အသာလေး ပိုက်ဆံထိုးထည့်ပေးရင် တော့ အသာတကြည် လွတ်ပေးတယ် ” လို့ အဲ့ဒီလမ်းကို မကြာခဏ ဖြတ်သွားနေတဲ့ယာဥ်မောင်း တစ်ဦးကဆိုပါတယ် ။

 

ယာဥ်ထိန်းရဲတပ်ဖွဲ့ကလည်း လိုင်စင်များစစ်ဆေးပြီး အပြည့်အစုံမပါရင် အခြားအဖွဲ့တွေထက် ပိုက်ဆံ ပိုပေးရတယ်လို့လည်းသိရပါတယ် ။

 

အဲ့ဒီစစ်ဆေးရေး ဂိတ်မှာ တောင်းတဲ့ငွေ ပမာဏက ၂၀၀၀ ကျပ်ကနေ တစ်သောင်းကျပ်အထိ ပေးနေရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ် ။

 

ဒီကနေ့မှာလည်း ဆီဆိုင် ၊ ဆိုင်းခေါင် ၊ ဘန်းယဥ်

ဖက်က စစ်ရှောင်ပြည်သူတွေဟာ အလံဖြူတွေထောင်ပြီး တောင်ကြီးမြို့ထဲကို တစ်ဖွဲဖွဲဝင်လာနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ် ။

 

ဓါတ်ပုံ – တောင်ကြီး ၄ မိုင်စစ်ဆေးရေးဂိတ်အဝင်