သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းတောင် ဆီဆိုင်မြို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဒီကနေ့ ညနေ ၃ နာရီအထိထွက်ခွာခွင့်ပြုထား

သျှမ်းတောင် ဆီဆိုင်မြို့မှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဒီကနေ့ ညနေ ၃ နာရီအထိထွက်ခွာခွင့်ပြုထား

Hsan Loi Editor
25/01/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့မှာ PNLO/PNLA ပူးပေါင်း ပါအဖွဲ့တွေနဲ့ စစ်ကောင်စီတပ် နဲ့ မဟာ မိတ်ဖြစ်တဲ့ PNO/PNA တို့မနေ့က (ဇန်နဝါရီ ၂၄ ) မှာ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ဒီကနေ့ ညနေခင်း ၃ နာရီအထိ ထွက်ခွာခွင့်ပြု တယ်လို့ သိရပါတယ်။

“ မနေ့ မနက်ပိုင်းကတော့ အစိုးရလက်အောက်ခံ ဌာနဆိုင်ရာတွေ အရင်ပြေးကြတာပေါ့ ၊ ည (၁၀) နာရီလောက် ကင်းထောက်လေယာဥ်တွေဝဲပြီးလေယာဉ်နဲ့ ဗုံးကြဲချတာတွေရော လက်နက်နက်ကြီးအသံတွေရောဆိုတော့ ညတွင်းချင်းထွက်လာကြတဲ့ လူတွေရှိသလို ပိတ်မိနေတဲ့ လူတွေလဲရှိတယ် ဒီနေ့ညနေ ၃ နာရီလောက်အပြီးထွက်ဖို့ ပြောလာတယ် ” လို့ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဆီဆိုင်မြို့ ကစစ်ရှောင်ပြည်သူတွေဟာ မြို့ပတ်ဝန်း ကျင်က အနီးအနားက ရွာတွေဆီ တိမ်းရှောင်လာကြ တာရှိသလို ဆိုက်ခေါင် ၊ ကက္ကူ၊ တောင်ကြီး ဖက်ကိုလဲ ရှောင်တိမ်းလာကြတာတွေရှိနေပါတယ်။

“ တစ်ပါတ်ဆယ်ရက်လောက်တော့ စောင့်ကြည့်ရဦးမှာပဲ ၊ နေအိမ်တွေ ပျက်စီးမှာကိုတော့ ကြိုတွေးထားပြီးသား လူတွေထိခိုက်မှာကိုပဲ စိုးရိမ်တာ မနေ့ကဆို မြကန်သာရပ်ကွက်ထဲ ဗုံးကျပြီး နေအိမ်တွေ မီးလောင် တာတွေလဲရှိတယ်။ လူ ၂ ယောက်သေတယ်လို့ ကျန်ခဲ့တဲ့ လူတွေကပြောတယ်” လို့ တောင်ကြီးဖက်ကို စစ်ရှောင်လာတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

PNLO/PNLA ပူးပေါင်းပါအဖွဲ့က စစ်ကောင်စီ ရဲစခန်းနဲ့လုံခြုံရေးဂိတ်တွေကို မီးရှို့ပြီး စစ်ကောင်စီဖက်က လက်ရှိမှာဆီဆိုင်မြို့ထဲ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။