နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်း တိုက်ပွဲဖြစ်ပြီ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်း တိုက်ပွဲဖြစ်ပြီ

Hsan Loi Editor
24/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ယနေ့ (၂၄.၁.၂၀၂၄) ရက်နေ့ ညနေ (၅) နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

 

“ မနေ့ကတည်းက ဆီဆိုင်မြို့နယ် နောင်ထော်ရွာဘက်မှာ PNLA နှင့် PDF ပူးပေါင်းအဖွဲ့ကတစ်ဖက် စစ်ကောင်စီတပ်နဲ့ PNA အဖွဲ့ကတစ်ဖက် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်လို့ ဒေသခံတွေ ထွက်ပြေးကြရတယ်။ အခုညနေပိုင်းလည်း ဆီဆိုင်မြို့တွင်းထဲအထိ PDF နဲ့ PNLA တို့ ဝင်ရောက်လာခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးအထိနေရာယူလာပြီ။ အခုညနေ (၅) နာရီလောက်ကပဲ စစ်ကောင်စီတပ်ရဲ့တိုက်လေယာဉ်ရောက်လာပြီး ဗုံးနှစ်လုံးလာချသွားတယ်။ အခုလည်းမြို့တွင်းထဲအထိ ပစ်ခတ်သံတွေကြားနေရတယ်။” ဟု ဆီဆိုင်မြို့ ဒေသခံ ပအိုဝ်းအမျိုးသားတစ်ဦးက ပြောသည်။

 

ယမန်နေ့တွင် နောင်ထော်ကျေးရွာဘက်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအပြင် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

 

“ အခုတော့ မြို့ထဲမှာ အိမ်စောင့်လောက်ပဲရှိတော့တယ်။ တစ်မြို့လုံးနီးပါး နီးစပ်ရာနေရာတွေကို ထွက်ပြေးကုန်ကြပြီ။ တစ်ချို့တွေက သွားစရာနေရာမရှိလို့ တောထဲမှာ ဖြစ်သလိုနေနေကြရတယ်။” ဟု ဟိုပုံးမြို့ကိုတိမ်းရှောင်လာသည့် စစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။

 

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် စစ်ကောင်စီ + PNO/PNA ပူးပေါင်းအဖွဲ့နှင့် PNLO/PNLA တို့သည် (၂၁.၁.၂၀၂၄) ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး PNLO ၏ ဆက်ဆံရေးရုံးတာဝန်ခံများကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။