သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှ FUSO (၁၂)ဘီး ကားကြီးဖြင့် သယ်ဆောင်လာသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို (၂)တန် ငွေကျပ်တန်ဖိုး (၃၀) ဘီလီယံရှိသည့် မူးယစ်ဆေးဝါးများအား (၁၇.၁.၂၀၂၄) ရက်နေ့တွင် စစ်ကောင်စီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများအား (၁၂) ဘီးကားပေါ် စက္ကူဂျက်ဖာနှင့် ဘီယာဖာများအောက်တွင် ထည့်သွင်းတင်ဆောင်လာခြင်းဖြစ်ကာ ယာဉ်မောင်း နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါစီးနင်းခဲ့သည်ဟုဆိုသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူနှစ်ဦးအား စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဆက်စပ်သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း ကိုလည်း ရပ်စောက်မြို့တိုးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သတင်းမီဒီယာက ဖော်ပြသည်။
၎င်းမူးယစ်ဆေးဝါးများအား သျှမ်းပြည်နယ်မှ ဧရာဝတီတိုင်းသို့ပို့ဆောင်ကာ ထိုမှတဆင့် ပင်လယ်
ရေကြောင်းဖြင့် ပြည်ပသို့ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်။