နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဗုဒ္ဓတက္ကသိုလ်​၏ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဗုဒ္ဓတက္ကသိုလ်​၏ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

Hsan Loi Editor
22/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်​၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ (၂၁.၁.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားအား ဗုဒ္ဓတက္ကသိုလ်​၏ ဥက္ကဋ္ဌ ဆရာတော်ပညာနန္ဒက ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ပေးအပ်ချီးမြှင့်သော ဘွဲ့များသည် Diploma, B.A, M.A, Ph.D ဘွဲ့များဖြစ်ပြီး သံဃာတော် ၃၉ ပါး၊ သီလရှင် ၄ ပါး ၊ လူ ၃၂ ဦးဖြစ်သည်။ ထိုအထဲတွင် Ph.D (၁) ဘွဲ့၊ M.Phil (၂) ဘွဲ့ ၊ M.A (၃၀) ဘွဲ့ ၊ PgDip PBS (၁၈) ဘွဲ့၊ PgDip LIM (၁၃) ဘွဲ့ ၊ B.A (၆) ဘွဲ့ နှင့် Diploma (၁) ဘွဲ့ဖြစ်သည်။

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သည် ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပါဋိ၊ သျှမ်းလင်္ကာနှင့် အခြားသော ဗုဒ္ဓရေးရာဘာသာရပ်များသင်ကြားကာ ပြည်တွင်းပြည်ပမှ လေ့လာသူများ တက်ရောက်လေ့လာကြောင်း သတင်းရရှိသည်။

Source & Tai TV Online