တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရွှေ တောင်ရိုးကားခြံမှာ ယနေ့နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မြို့ခံများထံမှ သိရသည် ။
” လူထိခိုက်မိတာတော့ မရှိဘူး ၊ကုန်ပစ္စည်းတွေတော့ မီးလောင်ကုန်တာပေါ့ မီးလောင်တာကတော့ တစ်နာရီလောက်ရှိမယ် ကုန်ပစ္စည်း တွေအတွက် ဂိတ်ကတာဝန်ယူရတော့မှာ ဂိတ်ရှိပစ္စည်းတွေအကုန်လုံးနီးပါးမီး လောင်ကုန်တာ ” ဟု ရေအေးကွင်းရပ်နေထိုင်သူ တစ်ဦးကပြောသည် ။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ကုန် ပစ္စည်း ဆုံးရှုံးမှုတန်ဖိုးတွေကို မသိရှိရသေးသော်လည်း ၄င်းမီးလောင်ရာနေရာသို့ ပြည်နယ် မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည် ။

Photo – facebook