နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့၌ အအေးပတ်ပြီး သေဆုံးမှု ပြန်လည်ဖြစ်ပေါ်နေ

လားရှိုးမြို့၌ အအေးပတ်ပြီး သေဆုံးမှု ပြန်လည်ဖြစ်ပေါ်နေ

Hsan Loi Editor
17/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ဆောင်းတွင်းအအေးဒဏ်ကြောင့် လမ်းဘေးနေအိမ်ခြေရာမဲ့များ အအေးပတ်ပြီး သေဆုံးမှုများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

 

ယမန်နှစ်ဆောင်းတွင်းကလည်း လားရှိုးမြို့၌ အအေးပတ်ပြီးသေဆုံးသော ပိုင်ရှင်မဲ့အလောင်းများစွာ တွေ့ရှိခဲ့သည်။

 

“ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၄) ရက်နေ့က လားရှိုးမြို့ ရေကန်တောင် တောင်ပတ်လမ်းဘက် အလိုတော်ပြည့်ဘုရားနားက လျှိုထဲမှာ အလောင်းတစ်လောင်းတွေ့တယ်။ ဇန်နဝါရီလ(၁၅) ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၇) ရွှေလဝင်းစားသောက်ဆိုင်နား မြောင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အလောင်းတစ်လောင်းထပ်တွေ့တယ်။ သူတို့အလောင်းတွေကိုတော့ ကျနော်တို့လူမှုကူညီရေးအသင်းကလူတွေပဲ စုပေါင်းပြီး သယ်ယူပေးခဲ့ပါတယ်။ မနှစ်ကလည်းဆောင်းတွင်းတစ်တွင်းလုံး အအေးပတ်ပြီးသေဆုံးသူနဲ့ မူးယစ်ဆေးအသုံးလွန်ပြီး သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ အများကြီး တွေ့ခဲ့ရတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

လားရှိုးမြို့တွင် မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဆက်စပ်သိရသည်။