သျှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိထားသော မြို့နယ်များ၌ စစ်ကောင်စီထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးနှင့် ဥပဒေများအား ပယ်ဖျက်ကြောင်း MNDAA မှ ယမန်နေ့(၁၄.၁.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
MNDAA ဥက္ကဋ္ဌ ဦးဖုန်တာရွှင်က ဇန်နဝါရီလ(၂) ရက်နေ့တွင် ၎င်းတို့သိမ်းပိုက်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်များအား သျှမ်းပြည်နယ် အထူးဒေသ(၁)အဖြစ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
ယခုအခါ အဆိုပါဒေသများတွင် MNDAA က အထူးဒေသ(၁) မူလဥပဒေနှင့်နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးသွားတော့မည်ဖြစ်သည်။