ချင်းပြည်နယ် ပလက်ဝမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ယမန်နေ့(၁၄.၁.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီတပ်နှင့် AA အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ ပလက်ဝမြို့အား AA က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်အတွင်းရှိ ခလရ(၂၈၉)၊ စကခ(၁၉)၊ တပ်မ(၁၁) အပြင် စစ်ကောင်စီစခန်းများအားလုံးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ဒါ့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များစွာနှင့် ရေကြောင်းအသုံးပြုယာဉ်များနှင့် ကုန်းကြောင်းအသုံးပြုမောင်းနှင်သော စစ်တပ်သုံးယာဉ်များလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
