နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းမြောက်၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူ

သျှမ်းမြောက်၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူ

Hsan Loi Editor
12/01/2024
Share:

 

စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ယမန်နေ့ (၁၁.၁.၂၀၂၄) ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်သော အဆိုပါ ဆွေးနွေးမှုတွင် စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် က ဦးဆောင်တက်ရောက်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က အတွင်းရေးမှူးများက တက်ရောက်ခဲ့သည်ဟု သိရသည်။

ဒါ့အပြင် တရုတ်နိုင် – မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျင်းက တက်ရောက်ခဲ့သည်ဟုဆိုသည်။ အဆိုပါဆွေးနွေးမှုတွင် စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။