ယမန်နေ့(၇.၁.၂၀၂၄) ရက်နေ့ ည(၉) နာရီကျော်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲချသွားကြောင်း သိရသည်။
စစ်ကောင်စီကြဲချသွားသော ဗုံးများသည် မိုင်းယော်ကျေးရွာ ဈေးတန်းရပ်ကွက်ရှိ ပြည်သူလူထုနေအိမ်များပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ(၄)ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
