နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သိန္နီနှင့်ကွတ်ခိုင်မြို့နယ်တို့တွင်ရှိသော စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ထားနိုင်ပြီဟု မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

သိန္နီနှင့်ကွတ်ခိုင်မြို့နယ်တို့တွင်ရှိသော စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ထားနိုင်ပြီဟု မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

Hsan Loi Editor
08/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် စကခ(၁၆)နောက်တန်းဌာနချုပ်နှင့် ကွတ်ခိုင်မြို့နယ်တွင် ကျန်ရှိသော စစ်ကောင်စီကွတ်ခိုင်ဗျူဟာတို့အား ယမန်နေ့ (၇.၁.၂၀၂၄)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

သိန္နီမြို့အခြေစိုက် စစ်ကောင်စီ စကခ(၁၆) နောက်တန်းဌာနချုပ်အား (၇.၁.၂၀၂၄)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းသည်။ စကခ(၁၆)တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီတပ်သားများသည်လည်း နောက်ဆုံးတွင် စခန်းကိုစွန့်ခွာထွက်ပြေးသွားကြခြင်ဖြစ်သည်။

ကွတ်ခိုင်ဗျူဟာကုန်းကိုလည်း ယမန်နေ့ည(၁၁)နာရီဝန်းကျင်ခန့်တွင် TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီစခန်းအားလုံး လက်လွှတ်ရပြီဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့်လားရှိုးမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး လားရှိုးမြို့၌ ညစဉ်ညတိုင်း စစ်ကောင်စီတပ်ဘက်က တစ်ဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။