သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လောက်ကိုင်မြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ထောင်ကျော် MNDAA ထံ ထွက်ခွာခွင့်တောင်းခံထားဟုဆို

လောက်ကိုင်မြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် မိသားစုဝင် ၃ ထောင်ကျော် MNDAA ထံ ထွက်ခွာခွင့်တောင်းခံထားဟုဆို

Hsan Loi Editor
05/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် စစ်ကောင်စီ၏ ဒေသခကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများအားလုံးနီးပါး MNDAA ထံ ယနေ့(၅.၁.၂၀၂၄)ရက်နေ့၌ လက်နက်ချအညံ့ခံခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၃၅၀၀)ဦးကျော်ခန့်သည်လည်း လောက်ကိုင်မြို့မှ ထွက်ခွာရန် MNDAA ထံ တောင်းခံထားသည်ဟု ဆိုသည်။

လက်ရှိတွင် MNDAA အဖွဲ့က လောက်ကိုင်မြို့တစ်ဝက်ကျော်နီးပါးခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများလည်း ဆုတ်ခွာနေပြီဖြစ်သည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင်များအားလုံး လိုရာခရီးသွားနိုင်ရေး MNDAA မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။