တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အား TNLA ကသိမ်းပိုက်နိုင်ပြီဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အား TNLA ကသိမ်းပိုက်နိုင်ပြီဟုဆို

Hsan Loi Editor
23/12/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် ခလရ(၁၃၀)စစ်ကောင်စီဗျူဟာစခန်းအား ယမန်နေ့ (၂၂.၁၂.၂၀၂၃) ရက်နေ့တွင် TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် မန်တုံမြို့အား အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

 

ယမန်နေ့တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူလူထုနေအိမ်များသာထိခိုက်ပြီး နောက်ဆုံးတွင် စစ်ကောင်စီတပ်သားများက ၎င်းတို့ဗျူဟာစခန်းကုန်းအား စွန့်ခွာထွက်ပြေးခဲ့ပြီဟုဆိုသည်။

 

ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကိုလည်း TNLA အဖွဲ့က လိုက်လံဖမ်းဆီးလျက်ရှိပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသော အရာရှိများအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

 

လက်ရှိ TNLA အဖွဲ့သည် မန်တုံမြို့အပါအဝင် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ယခုအခါ နမ္မတူမြို့ကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု သတင်းရရှိသည်။