ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေးစစ်ကောင်စီစခန်းအား ဒီဇင်ဘာလ (၁၈) ရက်နေ့ကစပြီး CDF မတူပီ၊ မင်းတပ်၊ လောက်တူနှင့် CNDF ပူးပေါင်းတပ်က တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ (၁၉) ရက်နေ့ ထယ်ဘွေးစစ်ကောင်စီစခန်းအား ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းပြည်နယ် ဒေသမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။
တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
